Local News

ဖြစ်ထွန်းအောင်မြင်နေသောဆောင်းပဲပုတ်များ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းရာသီ၌ ပဲပုပ်သီးနှံကိုလည်း အားထား စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဒီဇင် ဘာလနှင့် ဖေဖော်ဝါရီလတို့တွင် စတင်ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ဆောင်းပဲပုတ်များကို အနိမ့်ကျေးရွာ၊ သဲဖြူဝကျေးရွာ၊ ဖိုးတုတ်ဖြူကျေးရွာ၊  ကူရွာ၊ ကတောကျေးရွာနှင့် ဖက်ပင်အိုင်ကျေးရွာတို့တွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ယခု ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ပဲပုပ် (ဆောင်း) လျာထား (၆၂၀၀) ဧကတွင် စိုက်ပျိုးပြီးဧက (၆၂၀၅) ဧက စိုက်ပျိုးထားကြောင်း လျာထားချက်ထက် (၅) ဧကကျော် ပိုမိုစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်လကုန်တွင်မှစ၍ ဆောင်းပဲပုတ်များ ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ စီပီအက်စ်-၃သက်လျင်မျိုးနှင့် စီပီအက်စ်-၂သက်လက်မျိုးတို့ကို အစေ့ထုတ်ပြောင်း၊ နေကြာသီးနှံတို့ဖြင့် တန်းခြားစိုက်ပျိုးထားကြောင်း  သိရှိရသည်။ ယခင်နှစ်အထွက်နှုန်းမှာ တစ်ဧကလျှင် (၁၂‌) တင်းခန့် ထွက်ရှိခဲ့ကြောင်း သိရှိရသည်။  မြင်းခြံမြို့အတွင်းရှိ ပွဲရုံများ၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပဲပုတ်တစ်တင်းလျှင် (၁၁၀၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နေ့စဉ်အိတ်ရေ (၂၀-၃၀) ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရသည်။
Source: https://www.doca.gov.mm

Category: Local News